A Road To Be A AWS Certified Cloud Practitioner

ကျွန်တော့် ဘဝရဲ့ ပထမဆုံး International Certificate လိုဆိုရင်လည်း မမှားဘူးပေ့ါလေ။ ကျွန်တော့် Professional Life ရဲ့ ပထမဆုံးစာမေးပွဲလည်းဖြစ်သလို ပထမဆုံးရခဲ့တဲ့ Certificate လို့လည်းဆိုလို့ရပါတယ်။ အမှတ်တရဖြစ်သွားတာပေ့ါဗျာ။ ထားပါတော့ ဆက်ကြမယ်… ကျွန်တော် ကျောင်းပြီးတော့ စာတွေမှတ်ရတာ ဝေးကွာခဲ့တာတော့ တနှစ်ကျော်ခဲ့ပြီပေ့ါလေ။ ပထမဆုံးပြန်ထိတွေ့ရတော့လည်းရင်ခုန်မိပါတယ်။ ကြောက်လည်းကြောက်နေမိတယ်။ ပထမဆုံး AWS ရဲ့ Certified Cloud Practitioner အကြောင်းလေး အရင်ပြောပြချင်ပါတယ်။ AWS ရဲ့ အလွယ်ဆုံး Certificate လို့လည်းပြောလို့ရပါတယ်။ AWS Cloud နဲ့ပတ်သတ်တဲ့ Overall Knowledge ရှိထားတဲ့သူတွေ ပြီးတော့ AWS ကနေ Provide လုပ်ထားတဲ့ Services တွေအကြောင်းကို ယေဘုယျ နားလည်းထားပြီးထားတဲ့သူတွေ ဖြေနိုင်တဲ့စာမေးပွဲတခုပါပဲ။ တခုတော့ရှိတယ်ဗျ … Continue reading A Road To Be A AWS Certified Cloud Practitioner