AWS Cloud Practitioner Learning Path

By: Kaung Thant Lwin On: Jan 27, 2020 AWS 976

ရေးမယ် ရေးမယ်နဲ့ မရေးဖြစ်တာ ကြာခဲ့ပြီ။ နောက်ထပ် Exam တခုတောင် မကြာခင်ဖြေရတော့မယ်။ ဒီတခေါက်ရေးပေးချင်တာက ကျွန်တော် AWS ရဲ့ Cloud Practitioner Exam ကိုဘယ်လို Learning လုပ်ပြီးဖြေခဲ့လည်းဆိုတာကိုပါ။

ပထမဆုံးကျွန်တော့်အနေနဲ့ အချိန် တလတော့ ယူလိုက်ပါတယ်။ အစတုန်းကတော့ တရက်တလေ စာလိုက်ဖတ်ဖြစ်တာမျိုးတော့ရှိပါတယ်။ နောက်ကျ တိတိကျကျ သတ်မှတ်ပြီး ဘယ်ရက်မှာ စာမေးပွဲဖြေမယ်ဆိုပြီး သတ်မှတ်လိုက်တယ်။ ပြီးတော့ တလလောက်တော့ အချိန်မရှိပေမယ့် သုံးပတ်လောက် Practice Exam တွေကို အဓိက ထားပြီးဖြေဖြစ်ခဲ့တယ်။ Practice Exam ဖြေရင်းနဲ့ပဲ solution တွေမှာ ရှင်းပြထားတာတွေကို သေချာမှတ်ပြီး စာအုပ်တအုပ် ဘောပင်တချောင်းနဲ့ Note မှတ်ခဲ့ပါတယ်။ အောက်မှာ ကျွန်တော် Practice လုပ်ခဲ့တဲ့ ကြည့်ခဲ့တဲ့ သင်ခန်းစာ Course တွေကို Link တွေပေးထားပါမယ်။

ပထမဆုံး ညွှန်းချင်တာကတော့ Exam Pro ရဲ့ Free Course တခုဖြစ်တဲ့ AWS Cloud Practitioner 2019 ပဲဖြစ်ပါတယ်။ ရှင်းလင်းတဲ့ ရှင်းလင်းချက်တွေနဲ့ မှတ်ရလွယ်ကူပါတယ်။ ကျွန်တော်ကတော့ အကြမ်းဖျဥ်းလိုက်ကြည့်ခဲ့ပြီး Practice Test တွေဖြေခဲ့ပါတယ်။

https://www.youtube.com/playlist?list=PLBfufR7vyJJ4fOplWPOtYqRyQ6YPMsBsF

နောက်တခုကတော့ Udemy က Practice Test တခုပါ။ Exam အစစ်လို မေးခွန်း ၆၅ ခုပါတဲ့ မေးခွန်း ၆ စုံပါပါတယ်။ ဖြေပြီးလို့ Submit လုပ်တဲ့အခါ ဘယ်ဟာတွေမှားလည်း မှန်လည်း ပြန်ကြည့်ပြီး မေးခွန်းတခု ခြင်းစီတိုင်းကို ဘာလို့ အမှန်လည်းဆိုတာကို ရှင်းပြပေးထားပါတယ်။ Practice Test တခုချင်းစီကို ကျွန်တော် သုံးခါလောက် ပြန်ပြန်ဖြေကြည့်ပါတယ်။ ၆ ခုလုံး 90% ကျော်နဲ့အောင်မှပဲ အခြားတခုထပ်ရှာကြည့်ဖြစ်ပါတယ်။ ရှင်းပြထားတာတွေကို ကျွန်တော်ကတော့ Note မှတ်ထားဖြစ်ပါတယ်။ Practice မေးခွန်းတွေ အတိုင်းတော့ အတိအကျမျိုးပါလာတာ နည်းပါတယ်။ ပြောင်းပြန်မေးတာမျိုးတွေတော့ရှိပါတယ်။ ရှင်းပြထားတာတွေကို မှတ်ထားရင်တော့ Exam အစစ်ကြီးမှာ ပိုအဆင်ပြေပါတယ်။ ပုံစံတူတော့ မေးတာတွေလည်းရှိပါတယ်။ Practice Test Link ကတော့ အောက်မှာပါ အလကားတောမဟုတ်ပါဘူး $10 လောက်နဲ့ ဝယ်ရပါမယ်။

https://www.udemy.com/share/1013maBUQfclhUQXg=/

နောက်တခုကျွန်တော်ကြည့်တာကတော့ Kindle နဲ့ ဝယ်ဖတ်ဖြစ်တဲ့ $9 ကျပ်တန် အောက်က စာအုပ်ပဲ ဖြစ်ပါတယ် Practice Questions တွေနဲ့ ရှင်းပြထားတာတွေပါပါတယ်။ မေးခွန်း ၂၀၀ နီးပါးပါပါတယ်။

https://read.amazon.com/kp/embed?asin=B07BK1VJMX&preview=newtab&linkCode=kpe&ref_=cm_sw_r_kb_dp_ekOlEb12HZZZN

နောက်ထပ်ကျွန်တော် တချို့ဟာတွေသိချင်ရင် မေးခွန်းကိုဖတ်ပြီး Google မှာရှာပြီး AWS ရဲ့ White Paper တွေကိုလိုက်ဖတ်ပါတယ်။ Note ထုတ်ဖြစ်ပါတယ်။ အာ့လိုနဲ့ ပဲ ဖြေခဲ့တာပါ။ AWS ရဲ့ Documentation တွေကိုလည်း မေးခွန်းအလိုက်ရှာပြီးလည်း ဖတ်ပြီး စာအုပ်မှာ ရေးထားခဲ့ပါတယ်။ ပြီးရင်ပြန်ပြီး Review လုပ်ပါတယ်။

အောက်က လင့်ကတော့ ကျွန်တော်ရေးပေးထားတဲ့ Cloud Practitioner က ဘယ်လိုမျိုးလည်းဆိုတာရယ် ဘယ်လိုပုံစံမျိုးတွေမေးတတ်လည်းဆိုတာမျိုးရေးပေးထားတာလေးပါ။


အားလုံးကို ကျေးဇူးတင်ပါတယ်။ စာမေးပွဲဖြေကြမယ့်လူတွေလည်း အောင်မြင်ကြပါစေ။

သိချင်တာရှိရင်လည်း အချိန်မရွေးမေးနိုင်ပါကြောင်:

ကောင်းသန့်လွင်

DevOps || LeetDev