တကယ်ပဲ Chrome က Firefox ထက် Ram ပိုသုံးသလား

By: System Administrator On: Aug 07, 2020 Technology 1207


ကျနော် အခုတစ်လော Firefox သုံးရင် Tabs တွေများ လို့ ခဏခဏ ဟန်းသွားတာကြုံတော့ System Resource သွားကြည့်လိုက်တော့ Ram တော်တော်များများသုံးနေတာတွေ့ရတော့ chrome နဲ့ယှဉ်ကြည့်မယ်ဆိုပီးစမ်းနေတာပါ


Firefox 

version ကတော့ လောလောဆယ်တော့နောက်ဆုံးပါပဲ

ပထမဆုံး firefox ကို သုံးနေကျ extension မဖြုတ်ဘဲ Facebook profile နဲ့ပဲ tab 10 ခုဖွင့်လိုက်တယ်


5.5GB လောက်ရှိနေတာကိုတွေ့ရတယ် ဒီတစ်ခါ Add-on အကုန်ပိတ်ပီး ထပ်စမ်းတော့



သိပ်မထူးပါဘူး နည်းနည်းတောင်တက်လာသေးတယ်


Chrome

version ကတော့ 

ဒီတစ်ခါ chrome ကို extensions တွေမပိတ်ဘဲနဲ့စမ်းကြည့်တော့


3.9GB လောက်ပဲရှိတာကိုတွေ့ရတယ် Extension အကုန်ပိတ်ပီးစမ်းတော့


3.5GB လောက် နည်းနည်းလေးတောင်ကျသွားတာကိုတွေ့ရတယ်

အချုပ်ဆိုရရင် Firefox ကတောင် Ram ပိုသုံးတယ်လို့ဆိုရမှာပါ

ကိုယ့်စက်နဲ့ကိုယ်စမ်းကြည့်ပီး မတူဘူး တစ်ခုခုထူးခြားတယ်ဆိုရင် comment ပြန်ပေးပါဦး