Global Cloud Certificates တွေအကြောင်း

By: Kaung Thant Lwin On: Aug 11, 2020 DevOps 3464


ဒီဘက် ခေတ်မှာ Cloud Cloud နဲ့လူတွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားလာခဲ့တာ အချိန်အတိုင်းအတာ တခုထိရောက်လာပါပြီ။ Cloud ဆိုတာက ရေပန်းစားလာသလိုနောက်ဆက်တွဲအနေနဲ့ အလုပ်ခွင်မှာ အဆင်ပြေဖို့ Cloud Certificates တွေကလည်းလိုအပ်လာပါတယ်။ လူတိုင်းကလည်း Cloud Certified တွေဖြစ်အောင်လုပ်နေကြပြီဖြစ်သလို Certified တွေလည်းများစွာပေါ်ထွက်လာပါတယ်။ Certificates တွေဆိုတာက နိုင်ငံတကာမှာ အလုပ်ခွင်ဝင်ဖို့အတွက်လည်း အရေးပါ အရာရောက်လှပါတယ်။ ဒီအတွက်ကြောင့် Cloud ခေတ်မှာ Cloud Certified တွေဖြစ်လာကြဖို့လိုအပ်လာပါတယ်။ ကျွန်တော် အခုရေးပေးချင်တာက Cloud Certificates တွေနဲ့ပတ်သတ်တဲ့ သိထားသင့်တဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ကိုယ်ပိုင်အယူအဆနဲ့ ရေးသားတာ ဖြစ်လို့ တိုက်ဆိုင်မှုမရှိတဲ့အခါ နားလည်မှုလေးတွေရှိပေးကြပါလို့ပဲ ကြိုတင် မေတ္တာရပ်ခံအပ်ပါတယ်။ 

မြန်မာနိုင်ငံအတွက် မရေးခင် International မှာ Cloud Certificates တွေရဲ့ အခြေအနေကို လေ့လာမိသလောက်သုံးသပ်ပြချင်ပါတယ်။ 

www.globalknowledge.com ရဲ့ Top Paying Certificates Report  Feb 2020 က အဆို အရ International မှာ ဝင်ငွေအကောင်းဆုံးဖြစ်တဲ့ Cloud နဲ့ပတ်သတ်တဲ့ Certificates တွေကို အစဥ်လိုက်ချရေးကြည့်လိုက်တဲ့အခါ...


No
Certificate
Annual Salary
1
Google Certified Professional Cloud Architect
$175,761
2
AWS Certified Solutions Architect
$149,446
3
AWS Certified Cloud Practitioner
$131,278
4
Microsoft Certified : Azure Fundamentals
$126,653
5
Microsoft Certified : Azure Administrator Associate
$125,993


အထက်ပါ Salary Range တွေကတော့ International အတွက်ပဲဖြစ်ပါတယ် ဟီးးးး မြန်မာနိုင်ငံအတွက်တော့ စိတ်ကူးယဉ်လို့ကောင်းတုန်းပါပဲ :P 

နောက်တခု ဖော်ပြပေးချင်တာကတော့ လက်ရှိ Cloud Provider တွေရဲ့ Global Ranking ပဲဖြစ်ပါတယ်။ ZDNet ရဲ့ article တခုကို ကိုးကားပြီးဖော်ပြလိုက်ပါတယ်။ 

လက်ရှိ Global Ranking တွေရဲ့ ထိပ်မှာကတော့ IaaS မှာ Leader အဖြစ်လက်ရှိအထိ တည်မြဲနေတဲ့ Amazon Web Services ပဲဖြစ်ပါတယ် ။ ဒုတိယနေရာကနေ လိုက်နေတာကတော့ Enterprise တွေ နှစ်ခြိုက်ကြတဲ့ Microsoft ရဲ့ Azure ပဲဖြစ်ပါတယ်။ နောက် တတိယ အနေနဲ့ကတော့ ကျွန်တော်တို့တွေနဲ့မစိမ်းတဲ့ Goolge ဆိုတဲ့ ကုမဏီကြီးကနေ တည်ထောင်ထားတဲ့ Google Cloud Platform အတိုကောက်အနေနဲ့ GCP လို့ခေါ်ပါတယ်။ စတုတ္ထအနေနဲ့ကတော့ အိမ်နီးချင်းနိုင်ငံက နာမည်ကြီး Alibaba ကုမဏီရဲ့ Alibaba Cloud ပဲဖြစ်ပါတယ်။ နောက် ပဥ္စမမြောက် အနေနဲ့ကတော့ computer company တွေထဲမှာ Old Skool လို့ပြောလို့ရနိုင်တဲ့ IBM ရဲ့ IBM Cloud ဖြစ်ပါတယ်။ နောက်မှာတော့ VMware တို့ Cisco တို့ Oracle တို့ရဲ့ Cloud Services တွေကျန်ရှိပါသေးတယ်။

ဒီအချက်အလက်တွေကို ကြည့်ချင်းအားဖြင့် ကျွန်တော်တို့ ဟာ ကမ္ဘာမှာ ဘယ်လိုနည်းပညာတွေထွန်းကားလျက်ရှိနေသလဲဆိုတာကိုသိရှိနိုင်ပြီး မိမိအတွက် ဘယ်အရာက အရေးပါအရာရောက်နိုင်မလဲဆိုတာမျိုးလည်း သိရှိနိုင်ပါတယ်။ အခြေခံအားဖြင့် ကြည့်မည်ဆိုလျှင် ကျွန်တော်လေ့လာမိသလောက် Cloud တော်တော်များများဟာ သဘောတရားတူပါတယ်။ အခေါ်အဝေါ်တချို့ပြောင်းလဲသွားတာမျိုးရှိတာတွေလည်းရှိသလို Alibaba Cloud ဆိုလျှင်ပင် AWS Cloud နဲ့ဆင်တူယိုးမှားနာမည်တွေပါ ရှိပါတယ်။ 

မြန်မာနိုင်ငံနဲ့ပတ်သတ်လို့ Cloud Certificates တွေအကြောင်း သိသလောက် အကြံပေးရမယ်ဆို AWS နဲ့ Azure ကတော့ လူသုံးများပြီး Certified တွေလည်း အတော်အများထွက်လာကြတာကို တွေ့ရတယ်။ Covid ကာလမှာ Certificates တွေကို Discount တွေချပေးတာကြောင့် လေ့လာသူများပြားလာပြီး Cloud Certified တွေလည်း အတော်များလာပြီဖြစ်ပါတယ်။ 

လက်ရှိမြန်မာနိုင်ငံ စေျးကွက်အရ AWS Cloud Certified က နံပါတ်တစ် ဖြစ်နိုင်ပြီး Azure Certified ကတော့ အနောက်ကနေ ကပ်လျက်ပါနေမယ်လို့ သုံးသပ်မိပါတယ်။ ကျွန်တော်အနေနဲ့ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ စျေးကွက်အရသာ ခိုင်းနှုိင်းတင်ပြ သုံးသပ်ခြင်းပဲဖြစ်ပါတယ်။ အချိန်ရခဲ့လျှင် IT သမားတွေအတွက် အခွင့်အလမ်းကောင်းတွေရှိတဲ့ စင်္ကာပူနိုင်ငံရဲ့ Cloud Computing အခြေအနေတွေကိုလည်း လေ့လာမိသလောက်သုံးသပ်ပြပြီး လိုအပ်တဲ့ Study Resources တွေကိုလည်း ပြန်လည် မျှဝေပေးလိုပါသေးတယ်။ 

ကျွန်တော်မျှဝေတဲ့ အကြောင်းအရာမှာလိုအပ်သည်များ ရှိခဲ့သော် နားလည်ပေးကြဖို့ မျှော်လင့်မိပါတယ်။ စိတ်ဝင်စားပြီး သဘောကျကြတယ်ဆိုရင်လည်း Like & Share လေးပြုလုပ်ပေးကြဖို့ Comment ပေးခြင်းဖြင့်လည်း အားပေးကြဖို့ တိုက်တွန်းလိုပါတယ်။ 

အားလုံးကို ကျေးဇူးတင်စွာဖြင့် 

ကောင်းသန့်လွင်

DevOps Engineer || L33t DevSecOps