VPS တစ္လံုးကို Proxy အေနနဲ ့သံုးမယ္

By: System Administrator On: May 20, 2019 Hacking Tutorials 378

တချို့လူတွေသိပြီးသားလည်းဖြစ်ချင်ဖြစ်မှာပါ။မသိတဲ့သူတွေ အတွက် မျှဝေပေးခြင်းဖြစ်ပါတယ်။ ဟက်ကာတွေဆိုရင်တော့ Proxy ဆိုတာဘာလဲသိကြမှာပါ အထူးသဖြင့် ဟက်ကာတွေသုံးသင့်ပါတယ်နော် :3

ဒါက တော့ ကိုယ်တိုင်ပိုစိတ်ချလို့ရတယ်ပေါ့နော် Trace လိုက်ရာမှာလည်းနည်းနည်းခက်ခဲသွားမယ်လို့တော့ ထင်ပါတယ်။ Proxy Tools တွေအများကြီးရှိပေမယ့် ကိုယ်ဘာသာ လုပ်ကြည့်လို့လည်းရအောင်ပါ ကိုယ့် VPS ကိုပဲ Proxy အနေနဲ့သုံးပြီး Track လုပ်လို့ မရအောင် ကိုယ့် ရဲ့Activity တွေကိုစောင့်ကြည့်လို့မလွယ်အောင် လုပ်ခြင်းပါပဲ။ တချို့သော Block လုပ်ခံထားရတဲ့ Website တွေကိုလည်း ဒီနည်းနဲ့အလွယ်တကူ လုပ်ဆောင်နိုင်ပါတယ်။

ပထမဆုံးတော့ သင့်မှာ VPS တခုလိုပါလိမ့်မယ်။ ကဲ စမယ်ဗျာ

ကိုယ့်ရဲ့ local terminal မှာပဲ

ssh <your-server-username>@<your-server-ip> -D 8080 -Nf

ပုံမှာကြည့်ပါ

ssh login ဝင်ပြီး Proxy အနေနဲ့သုံးခြင်း

Enter လိုက်တာနဲ့Password တောင်းလိမ့်မယ် ကိုယ့်က ssh-key login ဆိုရင်တော့ မလလိုပါဘူး Password ထည့်ပေးဖို့။ကဲဝင်ပြီးတာနဲ့အဆင်ပြေနေပါပြီ။

နောက်တဆင့်ကတော့ ကိုယ်သုံးမယ့် Browser ကိုသွားပါမယ် ကျွန်တော်ကတော့ ဒီမှာ Firefox browser ကိုသုံးပြီးပြပါမယ်။ လွယ်ကူပါတယ် Firefox ရဲ့preferences ကိုအရင်သွားပါမယ် ပြီးရင် General မှာပဲရှိပါတယ် Network Setting ကိုဝင်လိုက်ပါ။

ပုံမှာကြည့်နိုင်ပါတယ်။ပုံထဲကအတိုင်း Configure လုပ်လိုက်ရင်တော့ ကျွန်တော်တို့ Browser ကို VPS ကနေတဆင့် ထွက်သွားပြီး သုံးနိုင်ပါတယ်။

Proxy အဖြစ်အသုံးပြုပြီး နဲ့အသုံးမပြုခင်က မိမိရဲ့IP Address ကို what is my ip လို website တွေကနေ ဆန်းစစ်ကြည့်နိုင်ပါတယ်။

အသုံးမပြုခင် မိမိ Public IP
အသုံးပြုပြီး မိမိ Public IP

အထက်ပါနည်းလမ်းနဲ့လည်း Proxy ပြုလုပ်ပြီး လုံခြုံမှု အဆင့်တစ်ခုတော့ ရရှိနိုင်မယ်လို့မျှော်လင့်မိပါတယ်။

အမှားပါသွားပါက နားလည်ခွင့်လွှတ်ပေးပါရန်။