AWS S3 အကြောင်း တစေ့တစောင်း

By: System Administrator On: Apr 21, 2019 DevOps 191

Amazon S3 ဆိုတာ ဘယ်လဲဆိုတော့ နောက်မှပြောမယ်။အခု ကျွန်တော်တို့ဒီနေ့ခေတ်တွေမှာ Company တွေ အတော်များများမှာပေါ့နော် Data တွေအများစုကို သိမ်းကြဖို့အတွက် စုဖို့အတွက် နေရာတခုလိုအပ်လာတယ်။ပြီးတော့ Data တွေ Secure ဖြစ်ဖို့ဆိုတာလည်း အရမ်းကို အရေးပါလာတယ်။ Data တွေအမြောက်အမြားသိုလှောင်ရတဲ့နောက်ကွယ်မှာ ကျွန်တော်တို့server တွေရဲ့Complexities တွေ Performance တွေကို တနည်းအားဖြင့်လျော့နည်းမှုတွေရှိလာစေတယ်။ဒီလိုမျိုး Risks တွေကို လျော့ချစေဖို့အတွက် Amazon Web Services ကနေ S3 ဆိုတဲ့Storage Platform တခု ကို ထုတ်ပေးထားပါတယ်။ S3 မှာဆိုရင်တော့ ကျွန်တော်တို့ အနေနဲ့မိမိတို့ရဲ့Data တွေကို scalability ကောင်းကောင်း Durability ကောင်းမွန်စွာနဲ့လုံခြုံသော Storage တခုအဖြစ် support ပေးပါတယ်။ ကျွန်တော်တို့ရဲ့Business Process အရ လိုအပ်သလို data တွေကို ဆွဲထုတ်ဆွဲသွင်းလုပ်နိုင်အောင်လည်း support ပေးတဲ့ Service တခုပဲဖြစ်ပါတယ်။

AWSရဲ့အခြားသော Services တွေနည်းတူ အခြားသော မတူညီတဲ့ Third Party Service Providers တွေနဲ့လည်း Integration တွေကောင်းမွန်စွာ ပြုလုပ်နိုင်ပါတယ်။

သူ့ရဲ့ကောင်းကျိုးတွေကို သိသလောက်ပြောပြရမယ်ဆိုရင်တော့ -

Amazon S3 က ဆိုရင်တော့ encryption form သုံးမျိုး ထောက်ပံ့ပေးထားပါတယ်။ Audit လုပ်ဖို့ ရည်ရွယ်ချက်နဲ့ဆိုရင်တော့ AWS Cloudtrail ဆိုတဲ့ service ကိုအသုံးပြုပြီး storage server ရဲ့api calls တွေ activities တွေကို စောင့်ကြည့်ဖို့လုံခြုံတဲ့ Integration ကိုထောက်ပံ့ပေးပါတယ်။ နောက်ထပ် Amaxon Macie ဆိုတဲ့ machine learning ကိုအသုံးပြုတဲ့ Service ကိုလည်းထောက်ပံ့ပေးထားပြီး S3 မှာရှိတဲ့ Data တွေကို discover လုပ်လို့ရတယ် Arrange လုပ်လို့ရပါတယ်။AWS S3 ကနောက်ထပ် Security Standards တွေနဲ့လိုက်လျောညီထွေမှုရှိတဲ့ compliance certifications တွေကိုလည်း ထောက်ပံ့ပေးပါသေးတယ်။ဒါတွေကြောင့် အသုံးပြုသူ Customer တွေကို စိတ်ကျေနပ်မှုအပြည့်အ၀ ပေးနိုင်ပါတယ်။

နောက်တချက်ကတော့ Flexible ဖြစ်တဲ့ စီမံနိုင်ခြင်းပါ။ Storage Administrators တွေကို Data usage နဲ့ပတ်သတ်ပြီး တော့ report တွေကို အလွယ်တကူ Arrange လုပ်နိုင်တယ် visualize လုပ်ပေးနိုင်ပါတယ် အလွယ်တူ။ဒါကြောင့်မို့ data တွေကို အလွယ်တကူ monitor လုပ်နိုင်ပီးတော့ လိုအပ်သလောက်သာ အသုံးချပြီး costs ကိုလည်းလျော့ချနိုင်ပါတယ်။AWS Lambda ဆိုတဲ့ Services နဲ့အတူတွဲသုံးပြီးတော့လည်း log activities တွေ alerting တွေကို စောင့်ကြည့် သတ်မှတ်ပေးလို့ရပါတယ်။နောက်ထပ်အခြားသော Infrastructure တွေမလိုပဲနဲ့များစွာသော functions တွေကို Lambda နဲ့ပူးတွဲလုပ်ဆောင်နိုင်ပါသေးတယ်။

နောက်ထပ်တချက်ကတော့ AWS S3 အနေနဲ့Data တွေကို Transfer လုပ်နိုင်ဖို့နည်းလမ်းများစွာထောက်ပံ့ပေးထားပါတယ်။ Direct Public transfer လည်းရသလို Private Networks အတွင်းမှာလည်း transfer နိုင်ပါတယ်။ AWS snowball ဆိုတဲ့ service ကတော့ petabyte-level ထိ data transfer နိုင်ပါတယ်။AWS storage gateway ဟာဆိုရင်တော့ဖြင့် အသုံးပြူသူရ ဲ့ရည်ရွယ်ရာကို တိုက်ရိုက် data တွေပို့နိုင်ပါတယ်။

နောက်ဆုံးတချက်ကတော့ AWS S3 က တကယ့်ကို Durability (ကြာရှည်ခံ)တယ်၊ Availability ကောင်းကောင်းနဲ လိုအပ်ရင် လိုအပ်သလို scalable လုပ်နိုင်တဲ့Service တခုပဲဖြစ်ပါတယ်။

မိမိတို့Data တွေဟာများမယ် လုံခြုံချင်တယ်ဆိုရင်တော့ AWS S3 ကတကယ့်ကို သုံးသင့်တဲ့ Platform တခုပဲဖြစ်ပါတယ်။ အလွယ်တကယ် Backup လုပ်နိင်ပြီးတော့ Recovery ပြန်ခေါ်ရလွယ်ကူတဲ့ function တွေကိုလည်း Amazon S3 က support လုပ်ပေးထားပါသေးတယ်

အားလုံးကိုကျေးဇူးတင်ပါတယ် အမှားပါပါက ခွင့်လွတ်ပါရန်

ကောင်းသန့်လွင်

DevOps@Duwun

AWS MM USER Group <3