EC2 Instance Type Pricing အကြောင်း

By: System Administrator On: Nov 19, 2019 AWS 259

EC2 ဘာလဲဆိုတာတော့ ကျွန်တော် နောက်မှ ရေးပေအုံးမယ် အခုကတော့ EC2 (Elastic Compute Cloud) ရဲ့ Pricing တွေအကြောင်း ရေးပေးမှာဖြစ်ပါတယ်။

EC2 မှာဆိုရင် Pricing Models လေးခုရှိတယ်ဗျ။

၁။ On Demand Instances Pricing

Ec2 ကိုစဖွင့်ရင်တော့ On demand pricing နဲ့ပဲသုံးရမှာပါ။ သူကတော့ စဖွင့်သုံးရင် Cost လျော့ပြီး flexible ဖြစ်စေတဲ့ အမျိုးအစားပါပဲ။ နာရီအလိုက် ပေးရပါတယ်။ (၁ နာရီကို ဘယ်လောက် $ လဲဆိုပြီး cost တွက်ပါတယ်။

ဘယ်မှာတွေသုံးသင့်လည်းဆိုတော့ short-term application တွေမျိုး ခန့်မှန်းရခက်တဲ့ Workloads ရှိတဲ့ app မျိုးတွေ ပထမဆုံး AWS မှာ Deploy လုပ်ကြည့်ချင်တဲ့ app မျိုးတွေမှာ သုံးသင့်ပါတယ်။

၂။ Reserved Instances Pricing

ဒီကောင်ကတော့ ကိုယ့် app ကို AWS မှာ Long term အဖြစ် run ချင်တာမျိုး တွေ workloads ဘယ်လောက်ရှိမလဲ သိထားပြီးသား app မျိုးတွေ steady state ရှိနေပြီးသား App တွေအတွက်သုံးသင့်ပါတယ်။

ကိုယ်က Reserved Instances အဖြစ် ဝယ်ယူထားပြီး မသုံးဖြစ်တော့ရင်လည်း AWS ရဲ့ Reserved Instance Marketplace မှာ တင်ပြီး ပြန်ရောင်းလို့လည်းရပါတယ်။

Pricing လျော့ပေးခြင်းကလည်း ကိုယ်သုံးမယ့် Term x Class Offering x Payment Option တွေပေါ်မူတည်ပါသေးတယ်။ Payment Terms အနေနဲ့ တစ်နှစ် (သို့) သုံးနှစ်ထိ ချုပ်ဖို့လိုပါသေးတယ်။ဆိုလိုတာက ကိုယ့် app ကို reserved instance မှာ ၁ နှစ် run မယ် ၂ နှစ် run မယ် စသည်ဖြင့် ချုပ်ဆိုနိုင်ပါတယ်။

နောက် တခုက ဒီမှာသိထားရမှာက Payment Options အရလည်း % discount ရတဲ့ Rate တွေလည်း ကွာသွားပါသေးတယ်။ Payment Options အနေနဲ့က တော့သုံးမျိုးရှိတယ်။

၁. All Upfront- ကိုယ်က တနှစ် (သို့) သုံးနှစ်စာအတွက် ကျသင့်ငွေကို တခါထဲ ပေးချေခြင်း။(၁ လချင်းပေးရတဲ့ငွေ သက်သာသွားပါတယ်၊ နှစ်များရင်ပိုသက်သာပါတယ်)။ တလုံးတခဲကြီးတော့ပေးလိုက်ရတာပေ့ါနော်။

၂. Partial Upfront - ဒီကောင်ကတော့ တ၀က်ကို အရင်ပေးချေတာဗျ။ Discount ရတဲ့နှုန်းကတော့ All Upfront ထက်နည်းသွားတာပေါ့။ တ၀က်တော့ ချက်ချင်းတန်းပေးလိုက်ရတာပေ့ါ နောက်မှ ကျန်တာကို တလခြင်းခွဲပေးရပါတယ်။

၃. No Upfront - ဒီကောင်ကတော့ တန်းပြီးအကုန်လည်း မပေးရသလို တ၀က်လည်းပေးစရာမလိုပါဘူး % Discount ရတဲ့ နှုန်းကိုပဲ တလချင်းပေးရပါတယ်။ % Discount ရတဲ့နှုန်းတော့ အနည်းဆုံးဖြစ်ပေမယ့် ပုံမှန် On Demand Instance ထက်တော့ စျေးသက်သာစေပါတယ်။ အနည်းဆုံး တစ်နှစ်တော့ ချုပ်ရပါလိမ့်မယ်။

နောက်တခုကတော့ Reserve Instances (RI) Class အမျိုးအစားတွေပါ သုံးမျိုးရှိပါတယ်။

၁. Standard - On demand pricing ထက် 75% သက်သာပါတယ် ။ သို့သော် ကျွန်တော်တို့ အနေနဲ့ Instance Attributes တွေကို ပြောင်းလဲလို့တော့မရပါဘူး။စဖွင့်ကတည်းက အတိုင်းပဲ ဆက်သုံးနေရမှာပါ။

၂. Convertible - On demand pricing ထက် 54 % သက်သာစေပါတယ်။သူ ကတော့ Reserved instance တွေရဲ့ Attributes တွေကို ပြောင်းလဲလို့ရပါတယ်(တိုးလို့ရပါတယ် အရင်အတိုင်း ညီနေလို့ရပါတယ် ရှိနေတာထက်တော့ လျော့လို့ မရပါဘူး)

၃. Scheduled - သူကတော့ Specific ဖြစ်တဲ့ time နဲ့သတ်မှတ်ပြီး ဝယ်ခြင်းပဲဖြစ်ပါတယ်( ဥပမာ- တပတ်ကို ဘယ်နှနာရီပဲ ဒီ instance ကိုသုံးမယ်ဆိုတာမျိုးပေါ့။) စျေးအတော်သက်သာစေပါတယ်

၃။ Spot Instances Pricing

သူကတော့ 90% လောက်ကို သက်သာစေတယ်ခဗျ။ Computing Capacity ကိုလည်းလိုအပ်ရင်လိုအပ်သလို အပို Request လုပ်လို့ရပါတယ်။ သူမှာ Flexible ဖြစ်တဲ့ စတဲ့ အချိန်နဲ့ ဆုံးတဲ့ အချိန်ရှိပါတယ်။

ဘယ်လိုဟာမျိုးတွေမှာ သုံးကြလည်းဆိုတော့ သူက server ကအလိုအလျောက် stop & start ဖြစ်ဖို့လိုတဲ့ app မျိုးတွေမှာ interruptions တွေကို အေးဆေးလွယ်ကူစွာ handle လုပ်နိုင်ပါတယ်။ (ဥပမာ- Video Transcode လုပ်တဲ့အချိန်မှ instance ကိုဖွင့်ပြီး ပြီးတာနဲ့ ပိတ်လိုက်တာမျိုးတွေပေါ့)

တခုရှိတာကတော့ ဒီ Spot Pricing Instance တွေကို Provider ဖြစ်တဲ့ AWS က အချိန်မရွေး ပိတ်လို့ရပါတယ်။ AWS ကပိတ်ခဲ့ရင်တော့ ကျွန်တော်တို့အနေနဲ့ မပြီးလိုက်တဲ့မသုံးလိုက်ရတဲ့ နာရီတွေအတွက် ပိုက်ဆံပေးရမှာမဟုတ်ပါဘူး။ သို့ပေမယ့် ကျွန်တော်တို့ကပဲ ဒီ Spot Instance ကို Terminate လုပ်လို့မယ်ဆိုရင်တော့ instance က ran ခဲ့တဲ့နာရီတွေအတွက်တော့ ကျွန်တော်တို့က ပိုက်ဆံပေးရမှာပဲဖြစ်ပါတယ်။

၄။ Dedicated Instance (or ) Hosting

ဒီတခုကတော့ instance pricing ထဲမှာ စျေးအကြီးဆုံး အမျိုးအစားပဲဖြစ်ပါတယ်။ မိမိတို့အတွက် သီးသန့် Dedicated Serves တွေကိုသုံးပေးထားပါတယ်။ အထူးသဖြင့်တော့ Organization အကြီးတွေ Enterprise တွေပဲအသုံးများကြပါတယ်။ Security Concern အရလည်းပိုပြီး လုံခြုံစိတ်ချရလို့ပါ ( အခြား သူတွေရဲ့ app တွေနဲ့ အတူရောထားဖို့ မလိုသောအတွက်ကြောင့်လည်းပါပါတယ်)။

သူ့မှာလည်း Reserved လုပ်လို့ရပါတယ် တနှစ်တန်သည်ဖြစ်စေ သုံးနှစ်တန်သည်ဖြစ်စေ။ 70% လောက်ထိ discount ပေးပါတယ်။

ဒီလောက်ဆိုရင်တော့ AWS instance pricing plan တွေအတကြောင်း နားလည်သွားမယ်ထင်ပါတယ်။ ကျွန်တော် သိမှတ်သလောက် ရေးထားတာ ဖြစ်လို့ အမှားပါခဲ့ရင်လည်း ထောက်ပြပေးစေချင်ပါတယ်။ မရှင်းတာရှိရင်လည်း မေးနိုင်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

ကောင်းသန့်လွင်

DevOps @ Myanmar

#AWSUGMM