Cloud Computing ဆိုတာဘာလဲ?

By: System Administrator On: Oct 24, 2019 DevOps 632

ဒီနေ့ ခေတ်ကြီးထဲမှာ Cloud Cloud နဲ့လူပြောများလာပါပြီ၊ သိပီးသားလူတွေအတွက်တော့ မဟုတ်ပေမယ့် မသိသေးတဲ့သူတွေအတွက် ရည်ရွယ်ပီး ကျွန်တော်သိသလော့ ပြန်လည်မျှဝေပေးခြင်ပါတယ်။ Cloud Computing ဆိုတာ....

Cloud Computing ဆိုတာပါပဲ Cloud ဆိုတာ တိမ် Computing ဆိုတာ တွက်ချက်တာ စသည်ဖြင့် ဘာသာပြန်ကြမလား? အမျိုးမျိုးသော ဖွင့်ဆိုမှုတွေရှိနေပေမယ့် ကျွန်တော့်အနေနဲ့တော့ အောက်က အချက်တွေနဲ့ပဲ Cloud Computing ကို အဓိပ္ပါယ် ဖွင့်ဆိုခြင်ပါတယ်။

Software development platforms, servers, storage and software အစရှိသော များစွာသော Services တွေကို Online မှတဆင့် အသုံးပြုခြင်းကို Cloud Computing လိုပဲ ကျွန်တော်အနေနဲ့ ယူဆခြင်ပါတယ်။

ယေဘုယျ အနေနဲ့ပြောရမယ်ဆိုရင်တော့ Cloud Computing Providers တွေအနေနဲ့ အဓိက Provide လုပ်ပေးကြတဲ့ အချက်သုံးချက်ရှိတယ်ဗျ။ ဘာတွေလဲဆိုတော့ -

၁။ Application တွေရဲ့ Backbone တွေဖြစ်တဲ့ Hardware (Physical Devices) တွေ ထောက်ပံ့ရတယ်။

၂။ အသုံးပြုသူများ အနေနဲ့ memory, processing time and bandwidth, အစရှိသည်တို့ကို သုံးသလောက်ပေးဆောင်နိုင်အောင် ထောက်ပံ့ပေးရပါတယ်။

၃။ အသုံးပြုကြတဲ့ Services တွေကို လိုအပ်သလို Scalable လုပ်နိုင်အောင် ထောက်ပံ့ပေးရခြင်းတို့ပဲ ဖြစ်ကြပါတယ်။

နောက်တခုအနေနဲ့ပြောချင်တာက တော့ Cloud Services အမျိုးအစားတွေပဲ ဖြစ်ပါတယ်။

၁။ SaaS (Software As A Service)

မြင်သာ အောင်ပြောရမယ်ဆိုရင်တော့ အဆင်သင့် အသုံးပြုနိုင်တဲ့ Software တွေကို ထောက်ပံ့ပေးခြင်းပါပဲ။ ကျွန်တော်တို့အနေနဲ့ အသုံးပြုလိုတဲ့ Software တွေကို ကိုယ်တိုင် Installation တွေ Setup တွေ Maintain လုပ်ဖို့တွေမလိုအပ်ပါဘူး Provider က ခဗျားတို့ ကျွန်တော်တို့အတွက် လုပ်ပေးပါလိမ့်မယ်။ အသင့်သုံးယုံပါပဲ။

ဥပမာ အနေနဲ့ဆိုရင်တော့ အားလုံးသိထားပြီးသားဖြစ်နိုင်တဲ့ Dropbox, Pcloud, Mediafire, Google Apps, Microsoft Office 365 အစရှိသည်တို့က SaaS Cloud Services တွေပဲ ဖြစ်ပါတယ်။

၂။ PaaS (Platform As A Service)

ဒီတခုက ကျတော့ ဘာကို ရည်ရွယ်လည်းဆိုတော့ အင်တာနက်ကနေ အလွယ်တကူချတ်ဆက်ပြီး ဆောင်ရွက်နိုင်တဲ့ hardware and software tools တွေကို ထောက်ပံ့ပေးခြင်းပါ။ Operating System တွေ Web Server တွေ Database တွေ အစရှိသည်တို့ကို ထောက်ပံ့ပေးခြင်းပဲ ဖြစ်ပါတယ်။ မိမိတို့အနေနဲ့ Hardware Resource တွေ၀ယ်ယူစရာမလိုပါဘူး။

ဥပမာအနေနဲ့ဆိုရင်တော့ AWS Elastic Beanstalk, Heroku, Windows Azure (mostly used as PaaS), OpenShift, Apache Stratos, Magento Commerce Cloud အစရှိသည်တို့ပဲ ဖြစ်ပါတယ်။

၃။ IaaS (Infrastructure As A Service)

Pay - as - You - Go services တွေလိုပြော ကြတာများပါတယ်။ ဆိုလိုတာက သုံးသလောက်ပေးရမယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။ Provide လုပ်ပေးတာတွေကတော့ Storage လိုမျိုးတွေ Networking နဲ့ပတ်သတ်တာမျိုးတွေ Virtualization နဲ့ပတ်သတ်တာမျိုးတွေကို Provide လုပ်ပေးထားခြင်းပဲဖြစ်ပါတယ်။ အဓိကကတော့ ကျွန်တော်တို့အနေနဲ့အထက်ပါပြောခဲ့တဲ့ service လိုမျိုးတွေအတွက် ကိုယ်ပိုင် On Premise Hardware တွေ Data Center တွေ ဆောက်ဖို့ မလိုတော့ သလို အသုံးပြုလိုတဲ့ Services တွေ အလိုက်သာ Provider တွေကို ပိုက်ဆံပေးပြီး သုံးရမှာပဲဖြစ်ပါတယ်။

ဥပမာ အနေနဲ့ကတော့ AWS EC2, Rackspace, Google Compute Engine (GCE), Digital Ocean, အစရှိသည်တို့ပဲဖြစ်ပါတယ်.။များစွာသော Provider တွေရှိပါသေးတယ်။

အောက်ပါပုံကတော့ အထက်ပါ Cloud Service Model တွေနဲ့ On Premise ကိုနှိုင်းယှဥ်ပြထားခြင်းပဲ ဖြစ်ပါတယ်။

ဒီလောက်ဆိုရင်တော့ Cloud Computing အကြောင်း အနည်းငယ် သဘောပေါက်သွားပါလိမ့်မယ်လို့ထင်ပါတယ် နောက်ကျရင်တော့ Cloud Computing နဲ့အကျိုးကျေးဇူးလိုမျိုးတွေရေးပေးဖို့ ကြိုးစားပါအုံးမယ်။ ဖတ်ရှူ့ပေးသူ အားလုံးကို ကျေးဇူးတင်ပါတယ်။


ကောင်းသန့်လွင်

DevOps @ Myanmar